မြစ်ဘေး ကျေးရွာကလေး(၁၉၃၆)`

မန်မာ အနုပညာ။
မောင်လာဘံ၏
``မြစ်ဘေး ကျေးရွာကလေး(၁၉၃၆)``....အမည်ရ ပန်းချီကား။
လူသိနည်း၍ လျှို့ဝှက်နေခဲ့သော မောင်လာဘံ၏ ပုံကားလေးတစ်ချပ်ကို ဆက်လက်လိုပေသေးသည်။ ဤပန်းချီဆရာ၏ ပုံကားလေးများသည် ဝေးတမြေ ပန်းချီစုဆောင်းသူများ၏ လက်ဝယ်သို့ ရောက်ရှိနေခဲ့ရာတွင် ....သူနှင့် ခေတ်ပြိုင်...ဟုဆိုအပ်သော ဦးသိန်းမောင်၊ ဦးတင်အိတို့သည် သူနှင့်နှိုင်းစာလျှင် ပိုမိုလူသိများသေးသည်...ဟု ဆိုရန်ရှိပေသည်။ ၁၉၃၀ နှစ်များ၏ မောင်လာဘံသည် လူပုံတူများထက် ``ရှုမျှော်ခင်း``ပန်းချီများရေးဆွဲရခြင်းတွင် ပိုမိုနှစ်ခြိုက်ခဲ့ပုံရလေရာတွင် ``ရေမင်းသား ဆရာဆောင်``၏ စိတ်ကူးခံစားချက်များနှင့် ပိုမိုနီးစပ်နေဖွယ်ရာ ရှိပေတော့သည်။ ....ဤပုံကားလေးတွင် အချိန်ဟူသော တရားသည် လွန်စွာနှေးကွေးစွာ ရွေ့လျားနေသော ခေတ်တစ်ခု၏ ငြိမ်သက်အေးချမ်းမှုသည် ပေါ်လွင်နေခဲ့၏။ ဤနေရာတွင် စစ်မက်မရှိ၊ အညစ်အကြေးအစွန်းအထင်း မရှိ....၊ ရေစီးသံနှင့် ငှက်ကျေးသံများသာ ကြားရနိုင်မည်။ ဤအကြောင်းကို ပြာလဲ့သည့် ကောင်းကင်၊ အရိပ်ထင်သည့် ကြည်လင်သော ရေအယဉ်၊ လှေငယ်တစ်စီးနှင့် ရေအိုးသယ်ရွက်သူ လုံမတို့၏ ပုံရိပ်များက ပြောပြနေကြသည်...ဟု ကျွန်ုပ်တို့က သဘောရနေမိပေသည်။ သို့နှင့် စစ်ကြိုခေတ် ပန်းချီဆရာ မောင်လာဘံ၏ ပုံကားလေးတစ်ချပ်ကို သင် နှစ်သက်ခံစားနိုင်ရန် ကျွန်ုပ်တို့ စီစဉ်တင်ဆက်လိုက်ပါကြောင်း။
— with Myanmarink Artgallery