`နားသမင်္ဂလာ(၂၀၀၉)

ပေါ်သိမ်း၏
``နားသမင်္ဂလာ(၂၀၀၉)``....အမည်ရ ပန်းချီကား။
သူ့ကိုယ်သူ ``အညာသားတစ်ဦး``....ဟု မကြာမကြာ ညွှန်းဆိုလေ့ရှိသူ.....ခေတ်ပေါ်ပန်းချီဆရာ ပေါ်သိမ်း၏ လက်ရာများတွင် ``ဧရာဝတီ...၊ ....ထနောင်းပင်လေးများ၊ ....မြက်ခင်းဝါလေးများ``စသည်ဖြင့် အညာနှင့် မြန်မာရနံ့လေးများ ပျံ့နှံ့နေတတ်ကြလေသည်။ ဤပန်းချီဆရာတစ်ယောက် သူ၏ အညာမြေသို့ လွမ်းဆွတ်နေကြောင်းမှာ သိသာလှ၏။ .... ၁၉၇၀ နှစ်များကာလက သူသည် ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့ဖူးသူ၊ ``ဥဒေါင်းမင်း``အနုပညာဂယ်လာရီကို တည်ထောင်ခဲ့သူ၊ ၁၉၉၀ နှစ်များတွင် ဝေးတမြေဖြစ်သည့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိသွားခဲ့သူ၊ ...ထိုစဉ်နှစ်များက ``ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး``(မြန်မာ)စာအုပ် မျက်နှာဖုံး ရေးဆွဲခဲ့သူတစ်ဦး အဖြစ်လည်း ကျွန်ုပ်တို့ အမှတ်သညာထားမိခဲ့ပေသည်။ ....ဤပုံကားလေးကတော့ မြင်တွေ့ရခဲသော သူ၏ လူပုံတူကား တစ်ချပ်ဖြစ်ကာ ...၁၂-နှစ်အရွယ် သမီးငယ်လေးတစ်ဦး၏ နားသမင်းသမီးဝတ်စုံလေးနှင့် ချစ်ခင်ကြင်နာဖွယ် ပုံရိပ်လေးကို မြင်တွေ့ကြရမည် ဖြစ်လေ၏။ ခေတ်ပေါ်ပန်းချီဆရာတစ်ဦး၏ နုညံ့သော မျဉ်ဖြောင့်မျဉ်းကွေးများ၊ အထားအသိုကျနမှုနှင့်အတူ ဤပုံကားလေး၏ ရွှေရောင်ဝင်းပချက်များ....စသည်ဖြင့် အားရှိသော သူ၏ စုတ်ချက်များသည် သင်၏ စိတ်မနောကို ဆွဲငင်သွားဖွယ်ရာရှိသည်...ဟု ကျွန်ုပ်တို့ ထင်မြင်မိပေသည်။

ဗဂျီ အောင်စိုး(၁၉၇၀ နှစ်များ?)

မန်မာ အနုပညာ။
ဗဂျီ အောင်စိုး၏
``ဗဂျီ အောင်စိုး(၁၉၇၀ နှစ်များ?)``အမည်ရ ပန်းချီကား။
....ဂျပန်ခေတ်ကာလ တစ်ခုသောရက်တွင် ရန်ကုန်မြို့၏ လမ်းများထဲ သူ လျှောက်သွားနေရင်း ....ဗဟန်းရပ်၊`` ရွှေကျင်ကျောင်းတိုက်``အနီးသို့အရောက်တွင် ....ဟန်ကျပန်ကျ ပန်းချီထိုင်ရေးနေသူတစ်ဦး၏ လက်ရာကို မြင်တွေ့သွားခဲ့ရာမှ ထိုဆရာသမား၏ ထံပါး၌ ခိုလှုံခဲ့ရင်း .......သူ၏ အနုပညာပန်းချီဘဝ စတင်ခဲ့ကြောင်းဖြင့် ....ဗဂျီအောင်စိုးက ဆိုခဲ့ဖူးလေသည်။ မြန်မာပန်းချီကျော် ဦးဘဉာဏ် အုပ်ချုပ်သော ``စတိတ်အကယ်ဒမီသိပ္ပံကျောင်း``တွင်လည်း သူ ပညာသင်ယူခဲ့ဖူးလေကာ.....၁၉၄၇၊ ``တာရာ``မဂ္ဂဇင်းပါ ငွေတာရီ၏ ကဗျာကို သရုပ်ဖော်ထားသည့် ပုံကားသည် ပရိသတ်သို့ ထုတ်ပြသည့် သူ၏ အစောဆုံး လက်ရာဖြစ်ခဲ့၏။ ၁၉၅၁၊ ....အိန္ဒိယနိုင်ငံ၊ ``သျှ န္တိနိကေတန်``ကျောင်းတော်တွင် အစိုးရပန်းချီပညာတော်သင်တစ်ဦးအဖြစ် တက်ရောက်သင်ကြားခဲ့သူ၊ ၁၉၅၂ တွင် ဆိုဗီယက်ပြည်ထောင်စု၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံများသို့ ပန်းချီလေ့လာရေးခရီးထွက်ခဲ့ဖူးသူ၊ ထို့ပြင် .....၁၉၆၂- ၇၈ နှစ်များအတောအတွင်း ရန်ကုန်စက်မှုတက္ကသိုလ်၌ ပန်းချီပညာကထိက အဖြစ် ထမ်းဆောင်ခဲ့ဖူးသည့် ....ဗဂျီအောင်စိုးသည် ``ရိုးရာမှသည် ခေတ်သစ်ပန်းချီသို့``...ဟူသော အယူအဆကို ကိုင်စွဲခဲ့သူ ....ပန်းချီဆရာတစ်ဦး ဖြစ်ကြောင်းနှင့်တကွ၊ .....ထိုသို့သော အနုပညာဘဝနောက်ခံပုံရိပ်များရှိလေသည့်

artist ~ soe lin aung ( 2013 )


မိန်းမသားတစ်ဦး(၂၀၀၀ နှစ်များ)

မြင့်နိုင်၏
``မိန်းမသားတစ်ဦး(၂၀၀၀ နှစ်များ)``....အမည်ရ ပန်းချီကား။
တောင်ကုတ်မြို့သားတစ်ဦးဖြစ်သူ သူသည် ၁၉၆၇ တွင် မွေးဖွားခဲ့၍ .....ငယ်ရွယ်စဉ်က သူတို့မြို့သို့ အောက်ဒိုး လာရောက်ရေးဆွဲသည့် အမျိုးအမည်မသိရသော ပန်းချီဆရာကြီးတစ်ဦး၏ လက်ရာကို ထိုင်ငေးခဲ့ရာမှသည် .....မွေ့လျော်ဖွယ်ကောင်းသော ပန်းချီမှုတွင် စတင်ဝါသနာပါလာခဲ့ကြောင်းဖြင့် သူက ဆိုလေသည်။ သူသည် ရန်ကုန်မြို့ရှိ ပန်းချီပန်းပုကျောင်းသို့ ၁၉၈၆-၈၈ နှစ်များဆီက တက်ရောက်သင်ကြားခဲ့သူဖြစ်ကာ ....ကျောင်းပြီးစ ထိုစဉ်ကာလ ဤပန်းချီဆရာ မြင့်နိုင်သည် ရန်ကုန်မြို့ထုတ် စာစောင်နှင့် မဂ္ဂဇင်းများတွင် သရုပ်ဖော်ပန်းချီများကို ရေးဆွဲခဲ့ဖူးပေသည်။ သူ၏ တစ်ကိုယ်တော်ပြပွဲ တင်ဆက်မည့်အချိန်နှင့် ....၂၀၀၇ လိမ္မော်ရောင်လှုပ်ရှားမှုတို့ မတော်တဆ တိုက်ဆိုင်ခဲ့သဖြင့် ထိုပြပွဲ မဖြစ်မြောက်ခဲ့သည့်တိုင် .....၁၉၉၁``The Treasure Gallery``.....တွင် သူ၏ အစောဆုံး အုပ်စုလိုက်ပြပွဲ ပါဝင်တင်ဆက်မှုမှသည် .....အခြား ဂယ်လာရီများ၊ ထို့ပြင် စင်ကာပူ၊ ဂျပန်၊ သြစတေးလျနိုင်ငံများတွင်လည်း အခြား အနုပညာရောင်းရင်းမိတ်ဆွေများနှင့်အတူ ..... သူ၏ လက်ရာမွန်များကို ပြသခဲ့ဖူးလေသည်။ ရေဆေးပန်းချီတွင် နှစ်ခြိုက်နေတတ်သော သူက ``......(ပုံရေးဆွဲနေရင်း) ကိုယ်လိုသလို မဖြစ်လာရင် စိတ်တိုင်းမကျဖူး။ အဲဒီလိုမျိုး ဖြစ်ချင်ဇော``လောဘ``ကလဲ လူကို ဒုက္ခပေးတယ်။ ရေဆေးရေးရာမှာက စိတ်လက်ပေါ့ပါးမှ ပိုကောင်းတာ။ တခါတခါ ပန်းချီပုံ နှစ်ပုံရေးမှ တစ်ပုံလောက်ပဲ ရတာလေ...၊ ဒါ ရေဆေးရဲ့ သဘောသဘာဝပဲပေါ့ဗျာ။``ဟု သူ၏ အနုပညာဖန်တီးမှုနှင့် စပ်လျဉ်း၍ ပြောပြခဲ့ဖူးလေသည်။
မောင်ညိုဝင်း၏
``လက်ပံပွင့်ကောက်(၁၉၇၀ နှစ်များ)``အမည်ရ ပန်းချီကား။
အခုဆိုလျှင် .....မြန်မာပြည် နွေရာသီရက်များသည် စတင်နေခဲ့ပြီဖြစ်လေရာတွင် ငုဝါ၊ ပိတောက်ပင်တို့၏ အပွင့်ဝါဝါများ သည် သူတို့၏ ထုံးစံမပျက် ပွင့်လန်းလှပကြမြဲဖြစ်သည့်အတိုင်း......ဟိုအညာမြေတကြောတွင်မူ အပူပိုင်းပေါက်ပင်များဖြစ်ကြသည့် ပေါက်၊ လဲ၊ လက်ပံပင်များသည်လည်း သူတို့၏ အပွင့်နီနီများဖြင့် ဝေဆာဖူးဝေနေကြလောက်ပေပြီ။ သစ်ရွက်ကြွေများကြား၊ နွေရာသီ မြက်ခင်းဝါများကြားဝယ် မောင်ညိုဝင်း၏ ချစ်စရာ့ တောသူမယ်လေးတစ်ဦးကတော့ .....အပင်ရင်းမှာ ပြန့်ကြဲကျနေကြသည့် လက်ပံပွင့်လေးများကို တစ်ပွင့်ချင်း ကောက်ယူလျက်ရှိကာ ...စိတ်လက်ကြည်လင်ပျော်ရွှင်နေသည့် ......သူမသည် ပါးချိုင့်ပြုံးလေးနှင့်အတူ ကျေးလက်တေးတစ်ပုဒ်ကို ဆိုညည်းနေပုံရလေသည်။ ဤပန်းချီကားလေးသည် အညာမြေ၏ ဓလေ့ဘာသာလေးကို ဖော်ကျူးနိုင်ရုံသာမက အဝါ၊ လိမ္မော်နှင့် အနီရောင်များ၏ ဟာမိုနစ်ဖြစ်ခြင်း၊ အထားအသိုကျနခြင်းမှသည် ...ရာသီနွေလ အခါသမယအခြေအနေကို လွမ်းမောဖွယ်ရာဖြစ်အောင် ခြယ်ရေးနိုင်ခြင်း....ဟူသော သူ၏ အနုပညာသမ္ဘာကိုပါ ပြသနိုင်ခဲ့ကြောင်း၊ တကယ်တမ်း....ဤပုံကားမှာ နာမည်ကျော်``ရှုမဝ ရုပ်စုံမဂ္ဂဇင်း``မျက်နှာဖုံးပန်းချီဖြစ်ခဲ့၍ ထိုစဉ် ၁၉၇၀ နှစ်များဆီကပင် မောင်ညိုဝင်း၏ ဤအနုပညာလက်ရာလေးမှာ လူပြောများ၍ အထူးကျော်ကြားခဲ့သည်....ဟု ကျွန်ုပ်တို့ လေ့လာသိရှိရပါကြောင်း။

Watercolor by AUD RYE


``ပြာပုံထဲမှ ထမြောက်ခြင်း(၂၀၀၀ နှစ်များ?)


မြန်မာ မိန်းမသားတစ်ဦး(၁၉၄၀ နှစ်များ)

ဦးသိန်းမောင်၏
``မြန်မာ မိန်းမသားတစ်ဦး(၁၉၄၀ နှစ်များ)``အမည်ရ ပန်းချီကား။
မြန်မာမိန်းမသားတို့၏ ``ဆေးလိပ်ဖက်ရှင်``သည် ကမ္ဘာသို့တိုင် ကျော်ကြားခဲ့ပုံရကာ ....ကျွန်ုပ်တို့က ယခုကဲ့သို့ မှတ်ချက်ပြုရခြင်းမှာလည်း ....ဟို...အင်းဝနေပြည်တော်ကာလဆီက မှတ်တမ်းမှတ်ရာများမှသည် စစ်ပြီးစအထိ ထိုကဲ့သို့သော ဓာတ်ပုံ၊ ပန်းချီနှင့် ....ဂျော့ အိုဝယ်လို စာရေးဆရာတို့၏ မှတ်စုများမှာအထိ ``ဆေးလိပ်ဖက်ရှင်``အကြောင်းကို မြင်တွေ့လေ့လာခဲ့ရခြင်းကြောင့်ပင် ဖြစ်လေတော့ရာ .....၁၉၄၀ နှစ်များနှောင်းပိုင်းဆီက ပေါ်ထွက်ခဲ့သည့် ဦးသိန်းမောင်၏ ဤပုံကားတွင်လည်း ကျွန်ုပ်တို့ ဖော်ပြခဲ့သည့် အဆိုပါဖက်ရှင်ကိစ္စကိုပင် ပဲ့တင်ထပ်လျက်ရှိနေပေတော့သည်။ ဦးသိန်းမောင်သည်ကားဆိုလျှင် ....မြန်မာပြည်ပန်းချီကလပ်၊ သို့မဟုတ် ရန်ကုန်ပန်းချီအသိုင်းအဝိုင်းနှင့် ခပ်လှမ်းလှမ်းမှာ ရှိနေသူတစ်ဦးလေလား....မသိရသည့်တိုင် သူ၏ အမည်သည် အတော်အတန် လူသိနည်းနေသေးသည်...ဟု ယူဆရကာ သူ၏ လက်ရာများသည်လည်း ပြည်တွင်းမှာထက် နိုင်ငံရပ်ခြား ပြတိုက်နှင့် ဂယ်လာရီများတွင် ရောက်ရှိနေသည်က များနေခဲ့လေရာတွင် ....ဤပုံကားလေးသည် ယခုအခါ ရှားပါးစာရင်းဝင် ရေဆေးလက်ရာဖြစ်နေခဲ့ခြင်းတွင် ကျွန်ုပ်တို့ ယုံမှားသံသယ မရှိ။ ....နှင်းဆီတစ်ပွင့်ပန်သော၊ ခန့်တည်၍ စည်းကမ်းကြီးပုံရသော၊ ....နီလာကြယ်သီးလေးများ၊ ....ရွှေဆွဲကြိုး၊ ရွှေလက်ကောက်လေးများနှင့် လူကုံထံအသိုင်းအဝိုင်းမှဖြစ်ပုံရသော ...ခေတ်နှောင်းတစ်နေရာက မြန်မာမိန်းမသားတစ်ဦး၏ လက်ရာမွန် ပုံတူကားကို တင်ဆက်ရာတွင် မိတ်ဆွေများ နှစ်သက်ကျေနပ်ကြမည်...ဟု ကျွန်ုပ်တို့ မျှော်လင့်မိပါကြောင်း။
with

`ရေချိုးပြီးစ(၂၀၀၀ နှစ်များ)

မြန်မာ အနုပညာ။
ဝင်းသန္တာ၏
``ရေချိုးပြီးစ(၂၀၀၀ နှစ်များ)``အမည်ရ ပန်းချီကား။
မွန်ပြည်နယ်တွင် ဖွားမြင်ခဲ့သည့် ....သူမသည် ရန်ကုန်မြို့ရှိ ``ယဉ်ကျေးမှု တက္ကသိုလ်``သို့ တက်ရောက်ခဲ့ကာ ၁၉၉၈ တွင် ဝိဇ္ဇာဘွဲ့(ပန်းချီပညာ)ဖြင့် အောင်မြင်ခဲ့သူတစ်ဦး ဖြစ်လေ၏။ ဤပန်းချီဆရာမလေးသည် ၂၀၀၈ အမျိုးသမီးများနေ့အမှတ်တရ ``လက်ရာစုံလင် ပြပွဲ``တွင် သူမ၏ ပုံကားများကို စတင်ခင်းကျင်းခဲ့ရာမှသည် ....နှစ်စဉ်လိုပင်၊ ရန်ကုန်၊ ကွာလာလန်ပူ၊ ဘက်ဒ် အယ်လ်ဘလင်း(ဂျာမနီ)မြို့များသို့တိုင် ဖြန့်ကျက်ပြသနိုင်ခဲ့လေတော့သည်။ ....ဝင်းသန္တာ၏ စိတ်ကူးစိတ်သန်းနှင့် အတတ်ပညာနည်းနာများကို ဖော်ပြရာ ...သူမ၏ ``သက်ငြိမ်``.....လူပုံတူ``နှင့် ....အခန်းတွင်းဖွဲ့``လက်ရာများသည် လွန်စွာ အနုစိတ်၍ သေသပ်ကျနနေတတ်ကြလေရာတွင် ဤပုံကားလေးတစ်ချပ်ကို သင် မြည်းစမ်းငေးမောကြည့်လျှင်ပင် အတော်အတန် ရိပ်စားမိနိုင်ပေလိမ့်မည်။ ရေမိုးချိုးပြီးခါစ အပျိုမယ်တစ်ဦးသည် မှန်တင်ခုံရှေ့တွင်ထိုင်ကာ စိတ်အေးသက်သာ အလှပြင်ဆင်နေခဲ့လျက်၊ ပြီးတော့ ထိုသူမ၏ အချစ်တော် ကြောင်ကလေးက ခေါင်းကလေးမော့က အထင်တကြီး လှမ်းကြည့်နေခဲ့လျက်၊ .....ညင်သာသည့် အလင်းများ ဖြာကျနေလေရာ ဤအခန်းလေးကို ပန်းချီဆရာမက ချစ်စဖွယ်၊ နှစ်သက်မြတ်နိုးဖွယ် ပုံဖော်ရေးဆွဲနိုင်ခဲ့ရာတွင် ......ဝင်းသန္တာ၏ အနုပညာနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့၏ မိတ်ဆွေများ ကျေနပ်နှစ်သက်ကြမည်....ဟု ထင်မြင်ယူဆမိပါကြောင်း။

`စစ်သားများနှင့် ဒိုးပတ်ဝိုင်း(၁၉၀၀?)`

ရှးရိုး မြန်မာအနုပညာ။
............
``စစ်သားများနှင့် ဒိုးပတ်ဝိုင်း(၁၉၀၀?)``အမည်ရ ပန်းချီကား။
ရှေးရိုးမြန်မာပန်းချီ ခေတ်ကာလတစ်ခု၏ နောက်ဆုံးနေ့ရက်များဆီမှပုံကားတစ်ချပ်ဖြစ်ရာတွင်..... ရေးဆွဲသူ၏ အမည်ကို ကျွန်ုပ်တို့ မသိရချေ။ သို့ရာတွင် မြင်နေကျ ရေဆေးပုရပိုဒ်လက်ရာများနှင့် ခြားနားစွာပင် .....ဗြိတိသျှဗိုလ်ချုပ် ပရင်ဒါဂတ်၏ စစ်သားများလား မခန်းမှန်းနိုင်သော မန္တလေးရောက် တပ်ဖွဲ့တစ်ဖွဲ့၊ အခုလိုမျိုး သင်္ကြန်ကာလ....ဖြစ်နေမလား ယူဆရသည့် ကာလတစ်ခု၏ ဒိုးပတ်ဝိုင်းတစ်ဝိုင်း၊ ...ပြီးတော့လျှင် အဆိုပါဂီတသမားများသည် ပျော်ရွှင်စွာ ကခုန်နေခဲ့ကြကာ .......ပုံကား၏ ထောင့်လေးတွင် မန္တလေးသူ မိန်းကလေးတစ်ဦး၏ ခေတ်ဆန်သော ဆံထုံးပုံစံစတိုင်လ်လေးကို ကျွန်ုပ်တို့ တစွန်းတစ မြင်တွေ့ခွင့် ရကြလေတော့၏။ သို့နှင့် အပြာ၊ အဝါနှင့် အညိုရောင်ပါးပါးလေးများ လွှမ်းခြုံနေခဲ့သည့် ရှေးရေးမြန်မာ ရေဆေးပုံကားတစ်ချပ်ကို ကျွန်ုပ်တို့ စီစဉ်တင်ဆက်ရာတွင် ပန်းချီမြတ်နိုးသူအပေါင်းက ကျေနပ်နှစ်သက်ကြမည်...ဟု ယူဆမိပါကြောင်း။

လော့စ် အိန်ဂျယ်လိစ် မြို့လယ်(၂၀၀၀ နှစ်များ)

မန်မာ အနုပညာ။
ထွန်းတင်၏
``လော့စ် အိန်ဂျယ်လိစ် မြို့လယ်(၂၀၀၀ နှစ်များ)``အမည်ရ ပန်းချီကား။
သူသည် ....အနုပညာပါရမီနှင့် မွေးဖွားလာသူတစ်ဦး....ဟု ယူဆနိုင်မည်ဖြစ်ကာ ထိုပါရမီကပင်လျှင် .....ပန်းချီပညာကို ယေဘုယျအားဖြင့် ကိုယ်တိုင်လေ့လာခဲ့သူ သူ့အတွက် အနုပညာစွမ်းရည်ကို ပိုမိုမြင့်တက်လာစေသည်...ဟု ယုံကြည်ရလေ၏။ ထွန်းတင်သည် ငယ်ရွယ်စဉ် အထက်တန်းကျောင်းသားဘဝက ....သူ၏ ပုံဆွဲခြင်းကို စတင်ခဲ့ကာ အနုပညာကျောင်းတစ်ကျောင်းကျောင်းသို့ တက်ရောက်သင်ကြားခြင်းမျိုး မရှိခဲ့သော်လည်း သူသည် မြန်မာပန်းချီအကျော်အမော်များဖြစ်ကြသည့် ....ပေါ်ဦးသက်နှင့် ပေါ်သိမ်းတို့ထံပါးဝယ် ပညာရင်နို့ သောက်စို့ခဲ့ဖူးသူ ဖြစ်လေသည်။ ဤပန်းချီဆရာသည် ၁၉၇၄မှ ၁၉၈၇ အထိ မြန်မာပြည် ပန်းချီပြပွဲများတွင် ပါဝင်တင်ဆက်လာခဲ့ရင်း ထိုပြသမှုခဲ့များ၏ အကျိုးဆက်အဖြစ် သူ၏ ပုံကားများကို ရန်ကုန်မြို့ရှိ ``အမျိုးသားပြတိုက်``၏ ထိန်းသိမ်းစုဆောင်းခြင်းကို ခံယူရရှိနိုင်ခဲ့လေ၏။ သူသည် ၁၉၈၉ တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိခဲ့ပြီးနောက် ...ယခုအခါ ``စန် ဒီယေဂို ရေဆေးပန်းချီအသင်း၊ ....``စန် ဂက်ဘရီယယ် အနုပညာအသင်း``နှင့် ...ကယ်လီဖိုးနီးယား အနုပညာကလပ်``တို့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ကာ ....အချိန်ပြည့်ပန်းချီဆရာတစ်ဦးအဖြစ် နေထိုင်ရပ်တည်လျက်ရှိလေတော့သည

`ဗိုင်းငင်သည့် လုံမငယ်(၁၉၂၀ နှစ်များ?)

အမ်-တီ လှ၏
``ဗိုင်းငင်သည့် လုံမငယ်(၁၉၂၀ နှစ်များ?)``အမည်ရ ပန်းချီကား။
ပန်းချီတော် ဆရာချုံ၊ ဦးကြာညွန့်တို့၏ ရှေးမြန်မာရေးဟန်မှ အစောဆုံး ထွက်ခွာလာခဲ့သူ....၊ ထို့အတူ စတင်စ ၁၉၀၀ နှစ်များ၏ အနောက်တိုင်း သရုပ်မှန်ပန်းချီနည်းနာ မြန်မာပိုင်အိုနီးယားတစ်ဦးလည်းဖြစ်သူ .....အမ်-တီ လှ၏ ဤပုံကားလေးသည် မြင်တွေ့ရခဲသည့် ရှားပါးပန်းချီကားတစ်ချပ်ဖြစ်ခဲ့ကာ ......ယေဘုယျအားဖြင့် သူရေးဆွဲနေကျ ရှုမျှော်ခင်းပုံကားများနှင့်လည်း မတူပဲ ....ငယ်ရွယ်သော မြန်မာလုံမေတစ်ဦး၏ ပုံရိပ်ကို ခြယ်ရေးရာ အနုပညာလက်ရာမွန်တစ်ရပ် ဖြစ်၍ ထူးခြားနေခဲ့ကြောင်း၊ ....သူ၏ ပုံကားများ၏ အများစုမှာ အနောက်တိုင်းပန်းချီစုဆောင်းသူများ၏ လက်ဝယ်တွင် ရောက်ရှိနေခဲ့၍ ဤပုံကားလေးသည်လည်း ...ပြောစရာမလို....... မြန်မာပြည်မှ ဝေးလံလှသော အဆိုပါနိုင်ငံရပ်ခြား၌ ရောက်ရှိနေခဲ့ပေတော့သည်။ .......ဆံထောက်ဖားဖားနှင့် အပျိုအရွယ် မိန်းမငယ်လေးတစ်ဦးသည် သူမ၏ ထရံကာအိမ်ခန်းရှိ လေသာဆောင်ဝယ် ဗိုင်းကို ငင်လျက်ရှိနေခဲ့ပုံ၊ ယဉ်ကျေးဖွယ်ရာသော မြန်မာမလေးတစ်ဦး၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ရိုးရှင်းသော သူမ၏ မျက်နှာသွင်ပြင်နှင့်အတူ ....မြင်တွေ့ကြရသော ဤပုံကား၏ အဖြတ်အတောက်၊ အနီးကပ်ဆွဲယူတင်ပြမှုတို့သည် ခေတ်ရှေ့သို့ အတန်ငယ်ပြေးနေသည့် ပန်းချီဆရာ၏ ရေးခြယ်ချက် အယူအဆများ....ဟူ၍ ကျွန်ုပ်တို့ မှတ်ချက်ပြုလိုမိခဲ့ကာ ...အမ်-တီ လှ၏ ``ဗိုင်းငင်သည့် လုံမငယ်``အမည်ရသည့် ရှေးလက်ရာ ပန်းချီတစ်ချပ်ကို ပန်းချီမြတ်နိုးသော သင့်အတွက် တင်ဆက်လိုက်ရပေသည်။

``ဆင်းဂါး အပ်ချုပ်စက်နှင့် မြန်မာမိသားတစ်စု(၁၉၁၄)


အနောက်တိုင်း အနုပညာ။
.........
``ဆင်းဂါး အပ်ချုပ်စက်နှင့် မြန်မာမိသားတစ်စု(၁၉၁၄)``အမည်ရ ပန်းချီကား။
တကယ်တမ်းတော့ .........ဤပန်းချီလက်ရာသည်ကားဆိုလျှင် ပိုစတာကြော်ငြာအတွက် ပုံနှိပ်ဖြန့်ချိခဲ့သည့် ပုံကားလေးတစ်ချပ်မျှသာ။ သို့ရာတွင် ဤပန်းချီလက်ရ...ာလေးသည် ကျွန်ပ်တို့ မသိမီလိုက်သော အတိတ်တစ်နေရာဆီသို့ လွမ်း၍နေစေခဲ့ကာ ....ထို့ပြင်တဝလည်း မျှော်ငေးစရာတစ်ခုလို ကျွန်ုပ်တို့အား ရှေ့သို့ဆက်၍ တွေးဆစေခဲ့ပေသည်။ ရန်ကုန်မြို့၏ အသစ်ဖော်ထုတ်ပြီးစ လူကုံထံရပ်ကွက်တစ်ခုဖြစ်သည့် ရွှေတောင်ကြားက မိသားတစ်စု၏ နေအိမ်ဧည့်ခန်းတစ်ခုကို ပုံဖော်ထားခြင်းပဲလား၊ ပိုးလုံချည် တရွှမ်းရွှမ်းဝတ်သည့် ....၊ ပြီး တကယ်ပဲ ဟန်ပါပါထိုင်နေသည့် ပုဂ္ဂိုလ်သည်ကားဆိုလျှင် ရွှေစလွယ်ရ သမာဓိလူကြီးမင်းဖြစ်ပုံရကာ သူ၏ ဇနီးသားသမီးများသည် မကြာမီကမှ သင်္ဘောမှပါလာသည့် အပ်ချုပ်စက်တစ်လုံးကို စမ်းသပ်ချုပ်လုပ်ကာ ပျော်ရွှင်ကျေနပ်နေကြပုံပေါ်လေ၏။ အနီးမှာ ထိုင်နေသည့် အဘွားနှင့် သူမ၏ မြေးငယ်ပုံရိပ်မှာလည်း သရုပ်ပါလှကြောင်းကို သင်လည်း သတိမူမိမည်ဖြစ်ရာတွင် .....ရေးသူအမည်မသိရသည့် စတင်စ ၁၉၀၀ နှစ်များဆီက ရှေးလက်ရာ ရောင်စုံပုံကားတစ်ချပ်ကို ကျွန်ုပ်တို့ တင်ဆက်လိုက်ရပေတော့သည်။See More

artist ~ win tint ( 2013 )


artist ~ myo min lat ( 2013 )


အညာမြေ-ရေစည်လှည်း(၂၀၁၀ နှစ်များ)


artist ~ tin aung htaik ( 2011)


artist ~ soe aung ( 2009 )


artist ~ tin aung htaik ( 2012)


artist ~ tin maung oo ( mdy ) 2010

artist ~ tin maung oo ( mdy ) 2010
size ~ 15 x 22 in ( w / c

Watercolor by Bijay Biswaal/India


`ဂျီတီအက်စ်-၁၁၁(၂၀၁၀ နှစ်များ)

မြန်မာ အနုပညာ။
ဂျော့ ထွန်းစိန်၏
``ဂျီတီအက်စ်-၁၁၁(၂၀၁၀ နှစ်များ)``အမည်ရ ပန်းချီကား။
၁၉၅၈၊ ....ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သူ ဂျော့ ထွန်းစိန်သည် .....သူ ဆယ်နှစ်သားအရွယ် ၁၉၆၈ တွင် မြန်မာပြည်မှ ထွက်ခွာလာခဲ့ကာ ကမ္ဘာပေါ်က တိုက်ကြီးသုံးတိုက်မှ နိုင်ငံများစွာတွင် နေထိုင်ခဲ့ဖူးသူ ဖြစ်လေ၏။ ယခုအခါတွင်မူ .......သူသည်ကားဆိုလျှင် အမေရိကန်ပြည်ထောင်စု၊ နယူး ယော့ခ်မြို့တွင် မှီတင်းနေထိုင်ကာ ခေတ်ပေါ်ပန်းချီကားများကို ရေးဆွဲလျက်ရှိပေသည်။ မကြာမီ ၂၀၁၁ ကပင် ``စီးမျောသည့် ရင်ခုန်မှုများ``အမည်ရသည့် ပြပွဲတစ်ရပ်ကို သူ ရောက်ရှိနေရာ နယူး ယော့ခ်မြို့၊ ``တယ်လီ ဘက်ခ် ...ခေတ်ပြိုင်အနုပညာဂယ်လာရီ``တွင် ပြသခဲ့လေသည်။ ထိုပြပွဲသည် ခေတ်ပေါ်ပန်းချီ..... အထားအသိုနှင့် ဟာမိုနစ်ဆိုင်ရာ သူ၏ ဖန်တီးနိုင်မှုကို မီးမောင်းထိုးနိုင်ခဲ့ကြောင်း၊ ...မြင်မှုအနုပညာ....ဟူသည် ဖြူစင်သည့် ရသပညာတစ်မျိုးဖြစ်ကာ ဤပုံကားလေးတွင်လည်း သူ သုံးစွဲခဲ့သည့် ...... အရောင်နှင့် ဒြပ်ဝတ္ထုတို့၏ အထားအသိုမှာ လွန်စွာ လက်ရာမြောက်လှကာ ဤသည်မှာပင် ပန်းချီဆရာ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အာရုံခံစားမှုဆိုင်ရာ ထက်မြက်ခြင်းတို့ကို ဖော်လှစ်နေပေတော့သည်။ သို့နှင့် ခေတ်ပေါ်မြန်မာပန်းချီဆရာတစ်ဦး၏ ဆီဆေးလက်ရာ ပုံကားတစ်ချပ်ကို တင်ဆက်ရာတွင် ......သူ၏ ရင်ခုန်သံစည်းချက်နှင့်အတူ သင်လည်း စီးဆင်းလိုက်ပါဖွယ်ရာ ရှိသည်....ဟု ကျွန်ုပ်တို့က ထင်မြင်ယူဆလျက် ရှိနေပေတော့သည်။
 

artist ~ myat kyawt ( 2011 )

artist ~ myat kyawt ( 2011 )
size ~ 24 x 30 in ( a / c )

Watercolor by Bijay Biswaal/India


Farmhouse in Provence

Farmhouse in Provence
Vincent van Gogh (1888)
National Gallery of Art - Washington
Painting - oil on canvas