`ငယ်ရွယ်သူလေးတစ်ဦး(၁၉၃၀)`

မန်မာ အနုပညာ။
ရတနာပုံ မောင်စု၏
``ငယ်ရွယ်သူလေးတစ်ဦး(၁၉၃၀)``....အမည်ရ ပန်းချီကား။
ဤရေဆေး ဆရာသမား၏ လက်ရာမြောက်သော ပုံကားအချို့ကို ယခင်ကလည်း ကျွန်ုပ်တို့ တင်ဆက်ခဲ့ဖူးရာတွင် ....ရန်ကုန်သူလေးတစ်ဦး...ဟူ၍ ပန်းချီဆရာက ဝန်ခံခဲ့သည့် ဤပုံတူကားလေးကတော့ မြင်တွေ့ရခဲကာ ပိုမိုရှားပါးသည်...ဟု ဆိုဖွယ်ရာရှိပေသည်။ အနောက်တိုင်း ပန်းချီအကဲခတ်တစ်ဦးကမူ ဤပုံထဲက သူမ၏ မျက်မှာကို အနုစိတ်နှင့် အသက်ဝင်အောင် ခြယ်မှုန်းနိုင်ခြင်းကိုယ်တိုင်က ဤပန်းချီဆရာ၏ သမ္ဘာရင့်မှုကို ပြသနေသည်....ဟု ခပ်တိုတိုပင် မှတ်ချက်ပြုခဲ့၏။ ရတနာပုံမောင်စု၏ အကြောင်းကို ကျွန်ုပ်တို့ ကျယ်ကျယ်ပြန့်ပြန့် မသိရသည့်တိုင် .....သူ့အကြောင်း လေ့လာနေသူ ရေးနတ်က ``သူသည် ၁၉၀၃၊ ...မန္တလေးမြို့တွင် ဖွေးဖွားခဲ့၍ ၁၉၂၀ နှစ်များ အစောပိုင်းတွင် ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း၊ သူသည် ပန်းချီကားများ ရေးဆွဲနေစဉ်ကာလမှာပင် ....တေးရေးဆရာ၊ အဆိုတော်နှင့် တူရိယာသမားအနေနှင့်လည်း ရှင်သန်ခဲ့သူ ဖြစ်ကြောင်း၊ ၁၉၃၀ နှစ်များတွင်တော့ ရတနာပုံ မောင်စုသည် ပန်းချီနယ်သို့သာ ကူးပြောင်းရောက်ရှိခဲ့၍ .....သူ၏ ပုံကားများတွင် နည်းနည်းချင်း ခြားနားချက်တွေ မြင်တွေ့ရသည့်တိုင် .....သူသည် အားသန်ရာ သည်တစ်ခုဆိုလျှင် သည်တစ်ခု လုပ်တတ်ကြောင်း၊ အချို့သော လက်ရာများတွင် ထိုစဉ်က လုပ်ရိုးလုပ်စဉ်မရှိသည့် ဓာတ်ပုံမှ ပန်းချီအဖြစ်သို့ သူက ဖန်တီးယူခဲ့ပုံရကာ .....ယခုခေတ် မြန်မာပန်းချီဆရာများသည် ထိုနည်းနာကို အလေ့အကျင့်ရ ကျင့်သုံးလာတတ်ကြပေသည်။``ဟု ဆိုခဲ့ပေသည်။ ဤရတနာပုံ မောင်စု(၁၉၀၃-၆၅)၏ လက်ရာမြောက်သော ပန်းချီ ၉-ကားကို မြန်မာပြည် အမျိုးသားပြတိုက်တွင် ထိန်းသိမ်းထားရှိ၍ ...နောက်ထပ် ၅-ကားမှာ ဗြိတိန်နိုင်ငံ၊ ဗစ်တိုးရီးယားနှင့် အဲလ်ဘတ်ပြတိုက်တွင် ပြသထားကြောင်းဖြင့် လေ့လာသိရှိရလေ၏။ သို့နှင့် ဤဆရာသမား ရတနာပုံ မောင်စု၏ ရှားပါးသော ရန်ကုန်သူလေးတစ်ဦး၏ အလှကို သင် နှစ်သက်ခံစားနိုင်ရန် ကျွန်ုပ်တို့ စီစဉ်တင်ဆက်လိုက်ပါကြောင်း။