မိန်းမသားတစ်ဦး(၂၀၀၀ နှစ်များ)

မြင့်နိုင်၏
``မိန်းမသားတစ်ဦး(၂၀၀၀ နှစ်များ)``....အမည်ရ ပန်းချီကား။
တောင်ကုတ်မြို့သားတစ်ဦးဖြစ်သူ သူသည် ၁၉၆၇ တွင် မွေးဖွားခဲ့၍ .....ငယ်ရွယ်စဉ်က သူတို့မြို့သို့ အောက်ဒိုး လာရောက်ရေးဆွဲသည့် အမျိုးအမည်မသိရသော ပန်းချီဆရာကြီးတစ်ဦး၏ လက်ရာကို ထိုင်ငေးခဲ့ရာမှသည် .....မွေ့လျော်ဖွယ်ကောင်းသော ပန်းချီမှုတွင် စတင်ဝါသနာပါလာခဲ့ကြောင်းဖြင့် သူက ဆိုလေသည်။ သူသည် ရန်ကုန်မြို့ရှိ ပန်းချီပန်းပုကျောင်းသို့ ၁၉၈၆-၈၈ နှစ်များဆီက တက်ရောက်သင်ကြားခဲ့သူဖြစ်ကာ ....ကျောင်းပြီးစ ထိုစဉ်ကာလ ဤပန်းချီဆရာ မြင့်နိုင်သည် ရန်ကုန်မြို့ထုတ် စာစောင်နှင့် မဂ္ဂဇင်းများတွင် သရုပ်ဖော်ပန်းချီများကို ရေးဆွဲခဲ့ဖူးပေသည်။ သူ၏ တစ်ကိုယ်တော်ပြပွဲ တင်ဆက်မည့်အချိန်နှင့် ....၂၀၀၇ လိမ္မော်ရောင်လှုပ်ရှားမှုတို့ မတော်တဆ တိုက်ဆိုင်ခဲ့သဖြင့် ထိုပြပွဲ မဖြစ်မြောက်ခဲ့သည့်တိုင် .....၁၉၉၁``The Treasure Gallery``.....တွင် သူ၏ အစောဆုံး အုပ်စုလိုက်ပြပွဲ ပါဝင်တင်ဆက်မှုမှသည် .....အခြား ဂယ်လာရီများ၊ ထို့ပြင် စင်ကာပူ၊ ဂျပန်၊ သြစတေးလျနိုင်ငံများတွင်လည်း အခြား အနုပညာရောင်းရင်းမိတ်ဆွေများနှင့်အတူ ..... သူ၏ လက်ရာမွန်များကို ပြသခဲ့ဖူးလေသည်။ ရေဆေးပန်းချီတွင် နှစ်ခြိုက်နေတတ်သော သူက ``......(ပုံရေးဆွဲနေရင်း) ကိုယ်လိုသလို မဖြစ်လာရင် စိတ်တိုင်းမကျဖူး။ အဲဒီလိုမျိုး ဖြစ်ချင်ဇော``လောဘ``ကလဲ လူကို ဒုက္ခပေးတယ်။ ရေဆေးရေးရာမှာက စိတ်လက်ပေါ့ပါးမှ ပိုကောင်းတာ။ တခါတခါ ပန်းချီပုံ နှစ်ပုံရေးမှ တစ်ပုံလောက်ပဲ ရတာလေ...၊ ဒါ ရေဆေးရဲ့ သဘောသဘာဝပဲပေါ့ဗျာ။``ဟု သူ၏ အနုပညာဖန်တီးမှုနှင့် စပ်လျဉ်း၍ ပြောပြခဲ့ဖူးလေသည်။