`ဂျီတီအက်စ်-၁၁၁(၂၀၁၀ နှစ်များ)

မြန်မာ အနုပညာ။
ဂျော့ ထွန်းစိန်၏
``ဂျီတီအက်စ်-၁၁၁(၂၀၁၀ နှစ်များ)``အမည်ရ ပန်းချီကား။
၁၉၅၈၊ ....ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သူ ဂျော့ ထွန်းစိန်သည် .....သူ ဆယ်နှစ်သားအရွယ် ၁၉၆၈ တွင် မြန်မာပြည်မှ ထွက်ခွာလာခဲ့ကာ ကမ္ဘာပေါ်က တိုက်ကြီးသုံးတိုက်မှ နိုင်ငံများစွာတွင် နေထိုင်ခဲ့ဖူးသူ ဖြစ်လေ၏။ ယခုအခါတွင်မူ .......သူသည်ကားဆိုလျှင် အမေရိကန်ပြည်ထောင်စု၊ နယူး ယော့ခ်မြို့တွင် မှီတင်းနေထိုင်ကာ ခေတ်ပေါ်ပန်းချီကားများကို ရေးဆွဲလျက်ရှိပေသည်။ မကြာမီ ၂၀၁၁ ကပင် ``စီးမျောသည့် ရင်ခုန်မှုများ``အမည်ရသည့် ပြပွဲတစ်ရပ်ကို သူ ရောက်ရှိနေရာ နယူး ယော့ခ်မြို့၊ ``တယ်လီ ဘက်ခ် ...ခေတ်ပြိုင်အနုပညာဂယ်လာရီ``တွင် ပြသခဲ့လေသည်။ ထိုပြပွဲသည် ခေတ်ပေါ်ပန်းချီ..... အထားအသိုနှင့် ဟာမိုနစ်ဆိုင်ရာ သူ၏ ဖန်တီးနိုင်မှုကို မီးမောင်းထိုးနိုင်ခဲ့ကြောင်း၊ ...မြင်မှုအနုပညာ....ဟူသည် ဖြူစင်သည့် ရသပညာတစ်မျိုးဖြစ်ကာ ဤပုံကားလေးတွင်လည်း သူ သုံးစွဲခဲ့သည့် ...... အရောင်နှင့် ဒြပ်ဝတ္ထုတို့၏ အထားအသိုမှာ လွန်စွာ လက်ရာမြောက်လှကာ ဤသည်မှာပင် ပန်းချီဆရာ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အာရုံခံစားမှုဆိုင်ရာ ထက်မြက်ခြင်းတို့ကို ဖော်လှစ်နေပေတော့သည်။ သို့နှင့် ခေတ်ပေါ်မြန်မာပန်းချီဆရာတစ်ဦး၏ ဆီဆေးလက်ရာ ပုံကားတစ်ချပ်ကို တင်ဆက်ရာတွင် ......သူ၏ ရင်ခုန်သံစည်းချက်နှင့်အတူ သင်လည်း စီးဆင်းလိုက်ပါဖွယ်ရာ ရှိသည်....ဟု ကျွန်ုပ်တို့က ထင်မြင်ယူဆလျက် ရှိနေပေတော့သည်။