`ဗိုင်းငင်သည့် လုံမငယ်(၁၉၂၀ နှစ်များ?)

အမ်-တီ လှ၏
``ဗိုင်းငင်သည့် လုံမငယ်(၁၉၂၀ နှစ်များ?)``အမည်ရ ပန်းချီကား။
ပန်းချီတော် ဆရာချုံ၊ ဦးကြာညွန့်တို့၏ ရှေးမြန်မာရေးဟန်မှ အစောဆုံး ထွက်ခွာလာခဲ့သူ....၊ ထို့အတူ စတင်စ ၁၉၀၀ နှစ်များ၏ အနောက်တိုင်း သရုပ်မှန်ပန်းချီနည်းနာ မြန်မာပိုင်အိုနီးယားတစ်ဦးလည်းဖြစ်သူ .....အမ်-တီ လှ၏ ဤပုံကားလေးသည် မြင်တွေ့ရခဲသည့် ရှားပါးပန်းချီကားတစ်ချပ်ဖြစ်ခဲ့ကာ ......ယေဘုယျအားဖြင့် သူရေးဆွဲနေကျ ရှုမျှော်ခင်းပုံကားများနှင့်လည်း မတူပဲ ....ငယ်ရွယ်သော မြန်မာလုံမေတစ်ဦး၏ ပုံရိပ်ကို ခြယ်ရေးရာ အနုပညာလက်ရာမွန်တစ်ရပ် ဖြစ်၍ ထူးခြားနေခဲ့ကြောင်း၊ ....သူ၏ ပုံကားများ၏ အများစုမှာ အနောက်တိုင်းပန်းချီစုဆောင်းသူများ၏ လက်ဝယ်တွင် ရောက်ရှိနေခဲ့၍ ဤပုံကားလေးသည်လည်း ...ပြောစရာမလို....... မြန်မာပြည်မှ ဝေးလံလှသော အဆိုပါနိုင်ငံရပ်ခြား၌ ရောက်ရှိနေခဲ့ပေတော့သည်။ .......ဆံထောက်ဖားဖားနှင့် အပျိုအရွယ် မိန်းမငယ်လေးတစ်ဦးသည် သူမ၏ ထရံကာအိမ်ခန်းရှိ လေသာဆောင်ဝယ် ဗိုင်းကို ငင်လျက်ရှိနေခဲ့ပုံ၊ ယဉ်ကျေးဖွယ်ရာသော မြန်မာမလေးတစ်ဦး၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ရိုးရှင်းသော သူမ၏ မျက်နှာသွင်ပြင်နှင့်အတူ ....မြင်တွေ့ကြရသော ဤပုံကား၏ အဖြတ်အတောက်၊ အနီးကပ်ဆွဲယူတင်ပြမှုတို့သည် ခေတ်ရှေ့သို့ အတန်ငယ်ပြေးနေသည့် ပန်းချီဆရာ၏ ရေးခြယ်ချက် အယူအဆများ....ဟူ၍ ကျွန်ုပ်တို့ မှတ်ချက်ပြုလိုမိခဲ့ကာ ...အမ်-တီ လှ၏ ``ဗိုင်းငင်သည့် လုံမငယ်``အမည်ရသည့် ရှေးလက်ရာ ပန်းချီတစ်ချပ်ကို ပန်းချီမြတ်နိုးသော သင့်အတွက် တင်ဆက်လိုက်ရပေသည်။