ဗဂျီ အောင်စိုး(၁၉၇၀ နှစ်များ?)

မန်မာ အနုပညာ။
ဗဂျီ အောင်စိုး၏
``ဗဂျီ အောင်စိုး(၁၉၇၀ နှစ်များ?)``အမည်ရ ပန်းချီကား။
....ဂျပန်ခေတ်ကာလ တစ်ခုသောရက်တွင် ရန်ကုန်မြို့၏ လမ်းများထဲ သူ လျှောက်သွားနေရင်း ....ဗဟန်းရပ်၊`` ရွှေကျင်ကျောင်းတိုက်``အနီးသို့အရောက်တွင် ....ဟန်ကျပန်ကျ ပန်းချီထိုင်ရေးနေသူတစ်ဦး၏ လက်ရာကို မြင်တွေ့သွားခဲ့ရာမှ ထိုဆရာသမား၏ ထံပါး၌ ခိုလှုံခဲ့ရင်း .......သူ၏ အနုပညာပန်းချီဘဝ စတင်ခဲ့ကြောင်းဖြင့် ....ဗဂျီအောင်စိုးက ဆိုခဲ့ဖူးလေသည်။ မြန်မာပန်းချီကျော် ဦးဘဉာဏ် အုပ်ချုပ်သော ``စတိတ်အကယ်ဒမီသိပ္ပံကျောင်း``တွင်လည်း သူ ပညာသင်ယူခဲ့ဖူးလေကာ.....၁၉၄၇၊ ``တာရာ``မဂ္ဂဇင်းပါ ငွေတာရီ၏ ကဗျာကို သရုပ်ဖော်ထားသည့် ပုံကားသည် ပရိသတ်သို့ ထုတ်ပြသည့် သူ၏ အစောဆုံး လက်ရာဖြစ်ခဲ့၏။ ၁၉၅၁၊ ....အိန္ဒိယနိုင်ငံ၊ ``သျှ န္တိနိကေတန်``ကျောင်းတော်တွင် အစိုးရပန်းချီပညာတော်သင်တစ်ဦးအဖြစ် တက်ရောက်သင်ကြားခဲ့သူ၊ ၁၉၅၂ တွင် ဆိုဗီယက်ပြည်ထောင်စု၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံများသို့ ပန်းချီလေ့လာရေးခရီးထွက်ခဲ့ဖူးသူ၊ ထို့ပြင် .....၁၉၆၂- ၇၈ နှစ်များအတောအတွင်း ရန်ကုန်စက်မှုတက္ကသိုလ်၌ ပန်းချီပညာကထိက အဖြစ် ထမ်းဆောင်ခဲ့ဖူးသည့် ....ဗဂျီအောင်စိုးသည် ``ရိုးရာမှသည် ခေတ်သစ်ပန်းချီသို့``...ဟူသော အယူအဆကို ကိုင်စွဲခဲ့သူ ....ပန်းချီဆရာတစ်ဦး ဖြစ်ကြောင်းနှင့်တကွ၊ .....ထိုသို့သော အနုပညာဘဝနောက်ခံပုံရိပ်များရှိလေသည့်