`စစ်သားများနှင့် ဒိုးပတ်ဝိုင်း(၁၉၀၀?)`

ရှးရိုး မြန်မာအနုပညာ။
............
``စစ်သားများနှင့် ဒိုးပတ်ဝိုင်း(၁၉၀၀?)``အမည်ရ ပန်းချီကား။
ရှေးရိုးမြန်မာပန်းချီ ခေတ်ကာလတစ်ခု၏ နောက်ဆုံးနေ့ရက်များဆီမှပုံကားတစ်ချပ်ဖြစ်ရာတွင်..... ရေးဆွဲသူ၏ အမည်ကို ကျွန်ုပ်တို့ မသိရချေ။ သို့ရာတွင် မြင်နေကျ ရေဆေးပုရပိုဒ်လက်ရာများနှင့် ခြားနားစွာပင် .....ဗြိတိသျှဗိုလ်ချုပ် ပရင်ဒါဂတ်၏ စစ်သားများလား မခန်းမှန်းနိုင်သော မန္တလေးရောက် တပ်ဖွဲ့တစ်ဖွဲ့၊ အခုလိုမျိုး သင်္ကြန်ကာလ....ဖြစ်နေမလား ယူဆရသည့် ကာလတစ်ခု၏ ဒိုးပတ်ဝိုင်းတစ်ဝိုင်း၊ ...ပြီးတော့လျှင် အဆိုပါဂီတသမားများသည် ပျော်ရွှင်စွာ ကခုန်နေခဲ့ကြကာ .......ပုံကား၏ ထောင့်လေးတွင် မန္တလေးသူ မိန်းကလေးတစ်ဦး၏ ခေတ်ဆန်သော ဆံထုံးပုံစံစတိုင်လ်လေးကို ကျွန်ုပ်တို့ တစွန်းတစ မြင်တွေ့ခွင့် ရကြလေတော့၏။ သို့နှင့် အပြာ၊ အဝါနှင့် အညိုရောင်ပါးပါးလေးများ လွှမ်းခြုံနေခဲ့သည့် ရှေးရေးမြန်မာ ရေဆေးပုံကားတစ်ချပ်ကို ကျွန်ုပ်တို့ စီစဉ်တင်ဆက်ရာတွင် ပန်းချီမြတ်နိုးသူအပေါင်းက ကျေနပ်နှစ်သက်ကြမည်...ဟု ယူဆမိပါကြောင်း။