လော့စ် အိန်ဂျယ်လိစ် မြို့လယ်(၂၀၀၀ နှစ်များ)

မန်မာ အနုပညာ။
ထွန်းတင်၏
``လော့စ် အိန်ဂျယ်လိစ် မြို့လယ်(၂၀၀၀ နှစ်များ)``အမည်ရ ပန်းချီကား။
သူသည် ....အနုပညာပါရမီနှင့် မွေးဖွားလာသူတစ်ဦး....ဟု ယူဆနိုင်မည်ဖြစ်ကာ ထိုပါရမီကပင်လျှင် .....ပန်းချီပညာကို ယေဘုယျအားဖြင့် ကိုယ်တိုင်လေ့လာခဲ့သူ သူ့အတွက် အနုပညာစွမ်းရည်ကို ပိုမိုမြင့်တက်လာစေသည်...ဟု ယုံကြည်ရလေ၏။ ထွန်းတင်သည် ငယ်ရွယ်စဉ် အထက်တန်းကျောင်းသားဘဝက ....သူ၏ ပုံဆွဲခြင်းကို စတင်ခဲ့ကာ အနုပညာကျောင်းတစ်ကျောင်းကျောင်းသို့ တက်ရောက်သင်ကြားခြင်းမျိုး မရှိခဲ့သော်လည်း သူသည် မြန်မာပန်းချီအကျော်အမော်များဖြစ်ကြသည့် ....ပေါ်ဦးသက်နှင့် ပေါ်သိမ်းတို့ထံပါးဝယ် ပညာရင်နို့ သောက်စို့ခဲ့ဖူးသူ ဖြစ်လေသည်။ ဤပန်းချီဆရာသည် ၁၉၇၄မှ ၁၉၈၇ အထိ မြန်မာပြည် ပန်းချီပြပွဲများတွင် ပါဝင်တင်ဆက်လာခဲ့ရင်း ထိုပြသမှုခဲ့များ၏ အကျိုးဆက်အဖြစ် သူ၏ ပုံကားများကို ရန်ကုန်မြို့ရှိ ``အမျိုးသားပြတိုက်``၏ ထိန်းသိမ်းစုဆောင်းခြင်းကို ခံယူရရှိနိုင်ခဲ့လေ၏။ သူသည် ၁၉၈၉ တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိခဲ့ပြီးနောက် ...ယခုအခါ ``စန် ဒီယေဂို ရေဆေးပန်းချီအသင်း၊ ....``စန် ဂက်ဘရီယယ် အနုပညာအသင်း``နှင့် ...ကယ်လီဖိုးနီးယား အနုပညာကလပ်``တို့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ကာ ....အချိန်ပြည့်ပန်းချီဆရာတစ်ဦးအဖြစ် နေထိုင်ရပ်တည်လျက်ရှိလေတော့သည