`ရေချိုးပြီးစ(၂၀၀၀ နှစ်များ)

မြန်မာ အနုပညာ။
ဝင်းသန္တာ၏
``ရေချိုးပြီးစ(၂၀၀၀ နှစ်များ)``အမည်ရ ပန်းချီကား။
မွန်ပြည်နယ်တွင် ဖွားမြင်ခဲ့သည့် ....သူမသည် ရန်ကုန်မြို့ရှိ ``ယဉ်ကျေးမှု တက္ကသိုလ်``သို့ တက်ရောက်ခဲ့ကာ ၁၉၉၈ တွင် ဝိဇ္ဇာဘွဲ့(ပန်းချီပညာ)ဖြင့် အောင်မြင်ခဲ့သူတစ်ဦး ဖြစ်လေ၏။ ဤပန်းချီဆရာမလေးသည် ၂၀၀၈ အမျိုးသမီးများနေ့အမှတ်တရ ``လက်ရာစုံလင် ပြပွဲ``တွင် သူမ၏ ပုံကားများကို စတင်ခင်းကျင်းခဲ့ရာမှသည် ....နှစ်စဉ်လိုပင်၊ ရန်ကုန်၊ ကွာလာလန်ပူ၊ ဘက်ဒ် အယ်လ်ဘလင်း(ဂျာမနီ)မြို့များသို့တိုင် ဖြန့်ကျက်ပြသနိုင်ခဲ့လေတော့သည်။ ....ဝင်းသန္တာ၏ စိတ်ကူးစိတ်သန်းနှင့် အတတ်ပညာနည်းနာများကို ဖော်ပြရာ ...သူမ၏ ``သက်ငြိမ်``.....လူပုံတူ``နှင့် ....အခန်းတွင်းဖွဲ့``လက်ရာများသည် လွန်စွာ အနုစိတ်၍ သေသပ်ကျနနေတတ်ကြလေရာတွင် ဤပုံကားလေးတစ်ချပ်ကို သင် မြည်းစမ်းငေးမောကြည့်လျှင်ပင် အတော်အတန် ရိပ်စားမိနိုင်ပေလိမ့်မည်။ ရေမိုးချိုးပြီးခါစ အပျိုမယ်တစ်ဦးသည် မှန်တင်ခုံရှေ့တွင်ထိုင်ကာ စိတ်အေးသက်သာ အလှပြင်ဆင်နေခဲ့လျက်၊ ပြီးတော့ ထိုသူမ၏ အချစ်တော် ကြောင်ကလေးက ခေါင်းကလေးမော့က အထင်တကြီး လှမ်းကြည့်နေခဲ့လျက်၊ .....ညင်သာသည့် အလင်းများ ဖြာကျနေလေရာ ဤအခန်းလေးကို ပန်းချီဆရာမက ချစ်စဖွယ်၊ နှစ်သက်မြတ်နိုးဖွယ် ပုံဖော်ရေးဆွဲနိုင်ခဲ့ရာတွင် ......ဝင်းသန္တာ၏ အနုပညာနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့၏ မိတ်ဆွေများ ကျေနပ်နှစ်သက်ကြမည်....ဟု ထင်မြင်ယူဆမိပါကြောင်း။